Present Continuous Tense Sub + Verb to be + V ing.

Uses of present continuous tense…

1) အခုလုပ်နေတဲ့အရာကိုဖော်ပြရာမှာသုံး (at this moment)
👉 I’m studying Present continuous tense

2) အခုလောလောမဟုတ်ပဲမယ့် လတ်တလောလုပ်နေတဲ့အ ရာကိုဖော်ပြရာမှာသုံး ( recently)
👉 I’m still working at the same company.

အခု ကုမ္ပဏီမှာ အလုပ်လုပ်နေတာ မဟုတ်ပဲမယ့် လတ်တလောလုပ်နေတာ..။
👉 I’m watching F4 recently.
F4 ကားကိုအခုကြည့်နေတာ မဟုတ်။ လတ်တလောမှာကြည့်နေပြီး ကြည့်မပြီးသေး..။

3) လုပ်ဖို့စီစဉ်ထားတဲ့အရာတွေကို ပြောရာမှာသုံး..

👉 I’m meeting my girlfriend tonight.
👉 We’re going on holiday tomorrow.
( future မှာလုပ်မဲ့အရာတွေပါ။.

4) ခဏတဖြုတ်လုပ်တဲ့အရာ

👉 He usually plays the drum, but he’s playing guitar tonight.
Expl..( သူအမြဲတီးတာဟာ drum ဖြစ်ပါတယ်။ ဒီညမှပဲ guitar တီးနေတာပါ။ )

5) အမြဲလိုလိုလုပ်တဲ့အရာကိုဖော်ပြရာမှာသုံး..
( always, forever, constantly)

👉� Peter and Mary are always arguing.
( အမြဲစားများတာ)
👉 You’re forever complaining your mother-in-law.

👍👍👍👍👍👍👍👍👍👍👍👍👍👍
ပုံက verb တွေက ing form သုံးမရပါ။.
* ပြထားတဲ့ စကားလုံးတွေတော့ ing form ရှိပါတယ်..ဒါပဲမယ့် အဓိပ္ပါယ်နောက်တမျိုးထွက်သွားမှာပါ..။ နားမလည်သည်များကို ပြန်မေးနိုင်ပါသည်။ မပြည့်စုံမှုတွက် တောင်းပန်ပါတယ်။.

Sub-Verb agreement – Some Irregularities

Sub-verb agreement ဆိုတာ singular/plural verb (s,es,ies) တို့ကို မှန်မှန်ကနိကန်အသုံးပြုခြင်းဖြစ်ပါတယ်။ verb မှာ s, es ထည့်တာဟာ simple present မှာဘဲရှိပါတယ်.။ ဥပမာတွေကို simple present နဲ့ရှင်းပြပေးပါမယ်။… singular, plural ထဲမှာ မှ ပုံမှန်မဟုတ်တဲ့ အရာတွေကိုဘဲ ဖော်ပြသွားပါမယ်။.

@ Singular Verb

၁) တချို့နိုင်ငံတွေဟာ s နဲ့ဆုံးပါတယ်။ ဒါပဲမယ့် singular ဖြစ်ပါတယ်။

👉 The United States is big.
👉 The Philippines consists of more than
7000 islands.
👉 The United Nations has its
headquarters in New York City.
Sub တွေက s နဲ့ဆုံးတာမှန်ပဲမယ့် singular verb ဘဲလိုက်ရပါမယ်..

၂) တချို့ဘာသာရပ်တွေက s နဲ့ဆုံး

👉 Mathematics is easy for me. Physics is easy for me too.

ကျန်တဲ့ ဘာသာရပ်ဆိုင်ရာ ics နဲ့ဆုံးတဲ့ အမည်တွေလဲ singular verb ဘဲလိုက်ရပါမယ်.။

၃) တချို့ရောဂါတွေက s နဲ့ဆုံး
S နဲ့ဆုံးနဲ့ရောဂါတွေဖြစ်တဲ့ diabetes,measles, mumps, rabies, rickets, shingles အစရှိတဲ့ ဒီရောဂါ အမည်တွေနောက်မှာလဲ singular verb ဘဲလိုက်ရပါမယ်..။ သူ့အမည်ကိုက s နဲ့ဆုံးတာမို့ ချွင်းချက်အနေနဲ့ မှတ်ထားသင့်ပါတယ်။.

၎) အချိန်၊ ငွေ၊ အကွာအဝေး တွေကိုလဲ များတော့အားဖြင့် singular verb လိုက်ရ

👉 Eight hours of sleep is enough.
၈ နာရီ အိပ်ခြင်းဟာ လုံလောက်ပါတယ်။
( ၈ နာရီဆိုတာ အများဆိုပြီး are လိုက်လို့မရပါဘူး..၊ eight hours of sleep ဟာ sub ဖြစ်ပါတယ်..၊ singular veb ဘဲသုံးရပါမယ်..။

👉 Ten dollars is too much to pay.
ငွေဟာ uncountable noun ဖြစ်တာကြောင့် singular verb ဘဲသုံးရပါတယ်.. 💸💸

👉 Five thousand miles is too far to travel.
( မိုင်ပေါင်း ၅ထောင် ဆိုတာ အတိုင်းအတာတခုပါ. ဒါကြောင့် singular verb လိုက်ပါတယ်.။ ၅ထောင် ဆိုတာအများဆိုပြီး plural လိုက်လို့မရပါဘူးနော် )

၅) သင်္ချာဆိုင်ရာ +,-,×,÷ တွေကိုဖော်ပြရာမှာလဲ singular

👉 Two and two is four.
( two ဆိုတာ အများလေ plural verb လိုက်ရမှာပေါ့
No ပါ ဒီနေရာမှာ ၂ × ၂ ဟာ ၄ ဖြစ်တယ်လို့ဖော်ပြတာ
ပါ)
👉 Two and two equals four.
👉 Five times five is twenty-five.
( ၅×၅ ဟာ ၂၅ ဖြစ်ပါတယ်).

# The news is interesting.
News- သီတင်း ဟာလဲ အနည်းပါ.။ s နဲ့ဆုံးလို့ အများထင်နေမှာ စိုးလို့ပါ.. 👼👼

### အပေါ်မှာ ဖော်ပြခဲ့တာတွေဟာ noun မှာ s နဲ့ ဆုံးပဲမယ့် singular verb လိုက်ရာတတွေပါ.. စာရှည်သွားလို့ ငိုက်နေပြီမလား 😂😂

Present Tense

Tenses တွေဟာ စကားပြောတဲ့ နေရာမှာ အရမ်းကိုအရေးပါပါတယ်..။ Tenses က အတိုအားဖြင့် past, present, future tensဆိုပြီးရှိပါတယ်..။
Tense အားလုံး (၁၆ မျိုးလားမသိဘူး) ရှိပါတယ်.. ကျနော်ကတော့ ၁၂ မျိုးဘဲသိပါတယ်..။ ဒီလောက်သိရင်လဲ တော်တော်လေး အဆင်ပြေပါပြီ..။ တနေ့ Tense တမျိုးစီ ဝေမျှသွားပေးပါမယ်။. Page ကို like လုပ်ထားဖို့တော့ လိုပါမယ်နော်။

Today lesson ကတော့ Present tense ပါ။
Present tense ထဲမှာမှ..
1-Present simple
2-Present continuous
3-Present Perfect
4-Present Perfect continuous ဆိုပြီးရှိပါတယ်။.

Present simple tense ကို ဘယ်လိုနေရာတွေမှာသုံး သလဲလေ့လာလိုက်ရအောင်..။
Present simple tense ဆိုတာ လွယ်လွယ်ပြောရရင် V1 ပေါ့.. s,es,ies တွေကို သတိထားရပါမယ်.

ဘယ်လိုနေရာမှာသုံးသလဲ👇
1) အလေ့အထ၊ အမူအကျင့်တွေကို ပြောဆိုတဲ့အခါသုံး..
👉: Peter drinks coffee at breakfast.
ပီတာက မနက်စာစားရင် ကော်ဖီသောက်လေ့ရှိပါတယ်
👉Mary watches television regularly .
မေရီက TV ပုံမှန်ကြည့်လေ့ရှိတယ်..

2) ထပ်တလဲလဲ ဖြစ်ပျက်၊ ပြုလုပ်တဲ့အရာကိုပြောရင်သုံး..

👉 Peter plays football every evening.
ပီတာက ညနေခင့်တိုင်း ဘောလုံးဆော့တယ်။.

3) အမြဲမှန်ကန်ပြီးမပြောင်းလဲတဲ့အရာတွေကိုပြောဆိုတဲ့အခါ

👉Water freezes at zero degree.
ရေဟာ ၀ ဒီဂရီမှာ ခဲသွားပါတယ်..။
( ရေ သုညဒီဂရီမှာ ခဲတာဟာ ဘယ်တော့မှမပြောင်းလဲ့ပါဘူး)

👉The Earth revolves around the Sun.
ကမ္ဘာကနေကို လ်ာပတ်ပါတယ်..။

4) တည်နေရာလမ်းညွန်၊ တခုခုပြောပြတဲ့အခါသုံး..

👉 You take the No. 7 bus to Diamond plaza.
Diamong Plaza သွားဖို့ bus နံပတ် ၇ ကိုစီးပါ။

5) timetable ကိုပြောဆိုတဲ့အခါသုံး..

👉: The school opens at 8:30 AM.
ကျောင်းက ၈:၃၀ မှာ ဖွင့်ပါတယ်။.
👉: The meeting starts at 9:00 AM.
အစည်းအဝေးက မနက် ၉ နာရီမှာစပါမယ်..။

6) အချိန်ပြ စကာ့းလုံးတွေနောက်မှာသုံး..( အနာဂတ်ပုံစံ)

👉 She’ll see you before she leaves.
သူမမသွားခင် မင်းကိုတွေ့ပါလိမ့်မယ်..။

👉: We’ll give it to her when she arrives.
သူမရောက်တဲ့ချိန် သူမကို ပေးပေးမှာပါ။
( present simple ကို ကိုယ်စားပြုတာဟာ will နောက်က verb မဟုတ်ပါဘူး.. အချိန်ပြစကားလုံးဖြစ်တဲ့ before after, when…… တွေနောက်က verb ကသာ present simple ဖြစ်ပါတယ်)

မပြည့်စုံမှုရှိရင် တောင်းပန်ပါတယ်..။ အမှားများရှိရင် ထောက်ပြပါရန် မေတ္တာ ရပ်ခံပါတယ်။

အမှန်တကယ်တတ်မြောက်ချင်သူများ မှတ်စုထုတ်ထားသင့်ပါ တယ်။ JY#

Idiom အပိုင်း (၂)

1) Put yourself in somebody’s shoes
တစုံတယောက် နေရာမှာ ၀င်ခံစားကြည့်..။

(ငါဘယ်လိုအခက်ခဲရှိနေတာ မင်းငါ့ ဖိနပ်စီးကြည့်မှသိမယ်.)
ဒီလိုပြောတာ ကြားဖူးတယ်ဟုတ်..အင်္ဂလိပ်လိုလေ့လာလိုက်ရအောင်…
👉What could I have done to solve the problem? Just put yourself in my shoes.
ပြသာနာကိုဖြေရှင်းဖို့ ငါဘာတတ်နိုင်မလဲ။ ငါ့နေရာသာ ၀င်ခံစားကြည့်ပါကွာ..။

2) All cats are grey in the dark
ရုပ်ရည်က အရေးမကြီးပါဘူး။
👉 I really don’t care if she is ugly. All cats are grey in the dark.
သူမက ရုပ်ဆိုးရင်တောင် ငါဂရုမစိုက်ဘူး. ရုပ်ရည်ကအဓိကမစးဟုတ်ပါဘူး။ 😋

3) Feel blue
ဝမ်းနည်း
👉 She felt blue after divorce with Peter.
သူမက ပီတာနဲ့ကွာရှင်းပြီးနောက် ၀မ်းနည်းခဲ့တယ်။
👉 I’m feeling blue ’cause my girlfriend didn’t talk to me last night.
ကျနော့ကောင်မလေး မနေ့ညက စကားမပြောလာခဲ့လို့် ကျနော်ဝမ်းနည်းနေတာ။.. 😂😓

4)Green-eyed monster
မနာလိုဝန်တိုခြင်း..

👉 His success aroused the green-eyed monster in his friend.
သူ့ရဲ့အောင်မြင်မှုက သူ့သူငယ်ချင်းကို မနာလိုဝန်တိုစေတယ်..။ 👿

5) Whiter than white
တရားမျှတ၊ ရိုးသားလွန်းသူ
👉 That little boy is whiter than white. He never does anything wrong.
အဲဒီကောင်ကလေးက သိပ်ကို ရိုးသားဖြူစင်တာဘဲ။ သူက ဘာအမှားမလုပ်ဖူးဘူးရယ်။. ( အမှားမလုပ်ဖူးသူတော့မရှိ 😂

6) Love somebody to death
တစုံတယောက်ကို အရမ်းချစ်သည်။
👉 I love Theresa to death.
ကျနော် ထရီဇားကို သိပ်ချစ်တာဘဲ..။💏

7) Men in blue
ရဲ…
👉 The men in blue are chasing the drug dealer.
ရဲတွေက မူးရစ်ဖြန့်သူကို လိုက်ဖမ်းနေတယ်။.

8 ) Big Apple
Big apple ဆိုတာ New York မြို့ရဲ့ nickname ဖြစ်ပါတယ်။

အကျိုးရှိမယ်လို့ယုံပါတယ်..။ ပြန်လည်မျှဝေပေးခြင်းဖြင့်ကူည်ီနိုင်ပါသည်။.. အမှားများရှိသော် ထောက်ပြပါရန် မေတ္တာရပ်ခံပါသည်။.

Verb to be အသုံးပြုပုံများ..

Verb to be ဆိုတာ am, is, are, was, wereတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

Am,is,are ကို present ပစ္စုန်ပ္ပန်မှာသုံးပြီး

was,were ကိုတော့ အတိတ်ကာလအတွက်အသုံးပြုပါတယ်။

အသုံးပြုပုံများ

am ကို I နဲ့ဘဲတွဲသုံးပါတယ်..။ (I am, I’m )

Eg. I am from myanmar.( ကျနော်မြန်မာပြည်ကပါ။)

I’m John. (ကျနော်က ဂျွန်ပါ။)

တခြား adjective တွေနဲ့လဲ သုံးလို့ရပါသေးတယ်

I’m cold. Would you wind close the door? ( ကျနော် ချမ်းတယ်။ တံခါးလေး ပိတ်ပေးပါလား)

မေးခွန်းပုံစံ..

Am I ……..?

  • Am I late?
  • Am I beautiful/ handsome?
  • ကျနော်နောက်ကျသွားလား?
  • ကျနော်/ကျမလှလား၊ချောလား?

အငြင်းပုံစံ

A: Are you Peter? မင်းက ပီတာလား?

B: No, I am not/ I’m not. I’m John.

မဟုတ်ပါဘူး. ကျနော်ကဂျွန်ပါ။

is, are အသုံးပြုပုံများ

is ကို နာမ်အနည်းနဲ့တွဲသုံး.. ဥပမာ..အမည်တွေ..တဦးဆိုင်နာမ်ေ တွနဲ့တွဲသုံး..

He/she is……..

She is beautiful. သူမကလှတယ်နော်

He is handsome. သူကချောတာဘဲ.။

He is my sister/brother/ father/mother/.

She is my girlfriend, Theresa. သူကကျနောချစ်သူ ထရီဇားပါ။..

They/ you are ……….

You are my best friend ever.

မင်းက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ.။

You are my first and last one who I ever love in my life. မင်းကငါ့ဘ၀ရဲ့ ပထမဆုံးနဲ့နောက်ဆုံးချစ်ရသူပါ။ 😍😍

They all are my friends.they are so funny. သူတို့အားလုံးက ကျနော် သူချင်းတွေ ပါ။သူတို့က သိပ်ကိုရာယ်ရတယ်.

မေးခွန်းပုံစံ

Is he/she/ it…..?

Are they/you/ we ……..?

အငြင်း ပုံစံ

She/he /it is not ………….

They/ you /weare not……………

Was,were အသုံးပြုပုံ

Was အတိတ်ကာလတွက်သုံးပြီး subject အနည်းတွေနဲ့တွဲသုံးပါတယ်။

She was born in 1999. သူမကို ၁၉၉၉ မှာမွေးခဲ့ပါတယ်..။

She was so beautiful under the sunshine. At the same time, I loved her at first sight.

သူမက နေရောင်အောက်မှာ သိပ်ကိုလှနေခဲ့တယ်..။ တချိန်ထဲမှာဘဲ မြင်မြင်ချင်း သူ့ကိုချစ်မိသွားတယ်။

😍😍😍

They/ you were…….

Were ကို အတိတ်ကာလ subject အများတွက်သုံး..

မေးခွန်း ပုံစံ

Was he/she/it ……..?

Were they/ we/ you………..?

Negative form

He/she/it was not ………….

They/we/you were not ……….

အချစ်နဲ့ဆိုင်တဲ့ အင်္ဂလိပ် idiom များ (ဗန်းစကား)

1) blind date
Blind date ဆိုတာ အပြင်မှာ တခါမှမတွေ့ဖူးဘဲ social media ပေါ်ကနေ ချစ်ကြိုက်ပြီး date လုပ်တာကို ဆိုလိုပါတယ်..။..

2) fall in love with – ချစ်မိသွား
Fall in love with ဆိုတာကတော့ တယောက်ယောက်နဲ့ ချစ်ကြိုက်သွားတာကို ဆိုလိုပါတယ်..။ ဥပမာ….
I fall in love with Theresa. I can’t help falling in love with her.
ကျနော် ထရီဇားနဲ့ချစ်မိသွားပြီ..ကျနော်သူ့ကို မချစ်ဘဲကို မနေနိုင်တော့ဘူး..။ 😍😍😍 ကိုယ်crushကို ဒီလိုသွား ပြောလိုက်ပါ..
I can’t help falling in love with you because you’re so beautiful. 😍
( မင်းကလှလွန်းတော့ မင်းကိုမချစ်ဘဲမနေနိုင်တော့ဘူးကွာ)

3) Fall out of love – ပျက်သွား၊ ကွဲသွား

Fall out of love ဆိုတာကတော့ ရည်းစားနဲ့ပျက်သွားတာလို့ အဓိပ္ပါယ်ရပါတယ်..၊၊
I fall out of love with Theresa.( ကျနော် ထရီဇား နဲ့ပျက်သွားပါပြီကွား…။) 😭😭

4) love at first sight – မြင်မြင်ချင်းချစ်..

မြင်မြင်ချင်းချစ်မိသွားတာလို့ အဓိပ္ပါယ်ရပါတယ် အလေ့.. ☺
I love Theresa at first sight.. ( ကျနော် ထရီဇား ကိုမြင်မြင်ချင်ဘဲ ချစ်မိသွားတာဟ 💑💑)

5) Love me, love my dog
အဓိပ္ပါယ်ကတော့ ငါ့ကိုချစ်ရင် ငါ့ရဲ့အကောင်းအဆိုး အခြေနေအားလုံးကို လဲ လက်ခံပါ.. တဲ့ 😇😇 love my dog ဆိုလို့ သူ့ခွေးကို ချစ်ခိုင်းတာမဟုတ်ပါဘူးနော် 🐕😂
Eg. If you really love me, love my dog too.
( မင်းငါ့ကိုတကယ်ချစ်ရင် ငါ့ရဲ့ဖြစ်တည်မှုတွေကိုလဲလက်ခံပါ)

6) Puppy love..- ကလေးဆန်တဲ့အချစ်.

Puppy love ဆိုတာ ကိုယ့်မှာချစ်သူရှိရဲ့သားနဲ့ တခြားတယောက်နဲ့ကြိုက်နေတာမျိုးပါ..။ မရင့်ကျက်တဲ့အချစ်၊ စိတ်ကစားတဲ့အချစ်ပေါ့..။ 😡😡

7) love nest – အချစ်ဘုံ

Love nest ဆိုတာတော့ ချစ်သူနှယောက် ကြည်နူးပျော်ရွင်တဲ့နေရာကိုခေါ်ပါတယ်.။ အချစ်သုခဘုံပေါ့ကွာ..။ ဒီနေရာဟာ ဘယ်နေရာဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်.. ချစ်သူနှယောက် ပျော်ရွှင်နေတဲ့နေရာလေးပေါ့… 💏💏💏….

ကဲ့ဒီနေ့တော့ ဒီလောက်ပါဘဲ ကိုယ့် crush ကို တကြောင်းဘဲ ဖြစ်ဖြစ် သွားပြောလို့ရပါပြီနော်.. 😍😍..